AungMyintMyat | The City of Dreams!

The City of Broken Dreams!

ကမ္ဘာပေါ်တွင် အနှုပညာဟူ၍ အမည်တက်ခဲ့သည်မှာ
နှစ်ပေါင်းမည်မျှရှိခဲ့သည်ကို မတွက်ဖူးပါ. . . ။
သို့သော်. . .
တစ်ချိန်းတုန်းက ရာဇ၀င်များ၏ သတို့သမီးကိုရင်ခုန်ခဲ့ဘူးသော. . .
အရှေ့မြို့ရိုးမှ မိုးရေစက်လေးတစ်စက်ဖြစ်ခံခဲ့သော
ကျွန်တော်တို့၏နှလုံးသားထဲမှာဆွဲထင်ကျန်ရစ်ဘူးသော. . .
တရာမင်းဝေ၊ကိုငှက်အစရှိသော. . . ။
ကြယ်တွေကြွေတာစောလွန်းတယ်ဗျာ . . .။

(၁)
ကမ္ဘာပေါ်တွင်လူတို့သည်လည်းကောင်း . . . ။
ကျွန်ုပ်သည်လည်းကောင်း ယုံကြည်ခဲ့ဘူးသောအရာများသည် တစ်ခါတစ်ရံများမှာ
သာမန် နယ်ရုပ်တစ်ရုပ်၊ ကျည်ဆံတစ်တောင့် အဆိပ်တစ်ခွက်ဖြင့်၊
တန်ဖိုးဖြတ်သွားခဲ့ကြည်သည်ကို နားမလည်စွာငေးကြည့်နေမိသည်
မည်သို့နားမလည်ဘူးပြောနေခဲ့သည်ဖြစ်စေ.
ဘဝသည် ရှုံးနိမ့်ခဲ့ပါသည်
ရှုံးနိမ့်မှုဟုကိုယ့်ကိုကိုသတ်မှတ်ခဲ့၍သာ ရှုံးခဲ့ချင်ဖြစ်သည်. . . ။
ထိုအရှုံးသည် တသက်စာလှပခဲ့ပါသည်။
(၂)
ဆက်တိုက်သွားနေသောကျွန်တော့်လက်ပတ်နာရီ၏သော့သီး
ကိုဆွဲထုတ်၍ရပ်တန့်ထားခဲ့ဘူးသည်. . . ။
အချိန်ကို ပိုင်ဆိုင်ခဲ့သည့် ယုံမှားခဲ့မှုမျိုးဖြင့်
ကျွန်တော်တစ်ဦးသာနောက်ကြကျန်ခဲ့ရသည်. . . ။
အရာအရာဟာ မူလအရှိန်အဟုန်တိုင်း
ခုတ်မောင်းနေခဲ့သော ရထားကြီးတစ်စဉ်းသာဖြစ်လေသည်။
တစ်ခါက
လိုချင်ခဲ့ဘူးသောအရာများသည်လည်းကောင်း . . .
မျှော်လင့်ဘူးသောအချစ်များသည်လည်းကောင်း . . . 
ရထားကြီး၏လမ်းတစ်လျှောက် ပျက်သုဉ်းခဲ့သည်သာ။
အချစ်ဆိုသည်မှာ . . . ကျွန်တော်၏ ကိုယ်ပိုင်စာမျက်နှာများတွင်
မည်သူမျှနားမလည်မပေးလိုက်နိုင်သော
အတိတ်၏ ခပ်ပြင်းပြင်ရိုက်ချက်ဟုပြောကာ ကျေကွဲပြစ်လိုက်ရုံသာရှိတော့သည်။

(၃)
အသံကုန်အော်သော်လဲ ပဲ့သင်သံသာပြန်ပေးတဲ့ ဘဝအကြောင်းတွေးမိတော့
အခန်းငယ်ငယ်လေးရဲ့ရယ်သံကိုခပ်သဲ့သဲ့ကြားမိပါရဲ့
ပုံပြင်တွေ၊ဒဏ္ဍာရီတွေ ဇာတ်လမ်းတွေ ရုပ်ရှင်တွေသည်
သူတို့၏မပြည့်စုံမှုများကို လျှို့ဝှက်ခဲ့နိုင်ပေသည်. . .။ထို့အရာများကို သိနားလည်ခြင်းဖြင် ဘဝကို စနစ်တကျဝမ်းနည်းပစ်လိုက်သည်။
ရပ်ကြည့်နေရင်းနှင့် အနီကတ်ထိခဲ့သည့်ကစားပွဲများကို
အပြစ်ဖို့စရာရှာမနေတော့ဘူး
Sisyphus အပြုံးမျိုးနဲ့ အချစ်ကိုမုန်းကြောင်း အကြိမ်ကြိမ် ရွတ်ဆို၊
ရွှေတောင်ပံမှာ ဒဏ်ရာတွေ က များလွန်းခဲ့တယ်။


Facebook Share

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook