by

Condomrella

အမျိုးသမီး အိမ်သာထဲ ရောက်သွားမိတယ် ငါ့နှာခေါင်းက

ရင်းနှီးတဲ့

အနံ့

ဒါကို ငါ့လျှာက အရသာသိတယ် ၊

တို့လဲ မဖူးငုံနဲ့မတွေ့ခင်က ယောက်ျား စစ်စစ် တစ်ယောက်ပါပဲ၊

ယောက်ျားဆန်ဆန်ဂေးတစ်ကောင်မှဖွင့်ဟဝန်ခံသွား၊

Voice command သံကို ယောက်ျားတစ်ယောက်ရဲ့ခပ်စူးစူး အသံကြားရအောင်ပြောင်းထားဖြစ်တယ်

သူငယ်ချင်းကမေးတော့ စိတ်နာနေတာလို့ပြောဖြစ်တယ် ….. So gay

ဟုတ်ပီ Gay တွေဟာ မိန်းမတွေမဟုတ်ဘူး ဒါကြောင့် ငါဂုဏ်ယူနေသေးတယ်

ကျမတို့ဟာ အစစ်ထက် စစ်တဲ့ အစစ်မတွေ

ဘဝတစ် ခုလုံး ငံပြာရည်စော်နံသွားတဲ့ကိစ္စက ဗိုလ်ချုပ်မှာ သလို ဘာဂျာမှုတ်ခဲ့တာပါဆိုပီး မဖူးငုံကို မပြောနိုင်ခဲ့ဘူး၊

ရင်းနှီးခဲ့တာ ငံပြာရည်နံ့မဟုတ်ခဲ့တာ အားလုံးကိုလိမ်ပြီး မှားပလိုက်

ဒါဟာ Gay တစ်ကောင်ရဲ့ မဟာအခွင့်အရေးကြီးပဲကိုး၊

ချစ်ခြင်းမေတ္တာဟာ Gay တစ်ကောင်စီမှာ မရှိသလိုမျက်စိတွေနဲ့ ကြည့်ရှုကြ

စအိုဟာ လမင်းကြီးလောက်တောင် မကျယ်ဘူး မလှဘူးဆိုတာဟာ ရိုမန်တစ်ဆန်ဆန် စကားမဟုတ်ခဲ့ဘူး

ရမ္မက်တစ်ခု ကို ချွဲပြစ်ပြစ် လ ကမ္ဘာပေါ်က ရေတွေနဲ့ဆေးကြောရင်ခုန်ခဲ့ရုံလေး၊

အရံလိင်အင်္ဂါကို တပ်တပ်မက်မက် စွဲလန်းနေတဲ့ အဖိုဘက်အားသန် Gay တစ်ကောင်ဖို့ ကမ္ဘာဟာ KY Gel တွေထပ်ပိုချွဲပြစ်နေတယ်။

နောက်တော့ လကမ္ဘာပေါ်ကရေတွေက ချွဲပြစ်ပီး Super Glue တွေဖြစ်သွားတယ်

မြေဆွဲအားနဲ့အကပ်ခံရတဲ့ ရေပြင်ညီနံရံကြီးပေါ်မှာ ငါငြိမ်နေလိုက်ရတယ် အထင်သေးတဲ့မျက်လုံးတွေကြား

လိင်ဆက်ဆံဖူးတဲ့ သူစိမ်းတွေနဲ့သာ နေရတဲ့ကမ္ဘာ

မှတ်ဉာဏ်က သေသေခြာခြာ မှတ်မိနေစရာချည်းပဲ

နှုတ်ခမ်းကွဲအောင် ဖိ ကိုက် မိတဲ့ ရမ္မက်တွေ

Gay တစ်ကောင် တစ်ယောက်ရဲ့ သာမန် သာသာ တောက်လောင်ခွင့်ကို တံတွေးခွက်

ရွက်လှေ အဖွဲ့ချုပ်လို့အပုန်းမတစ်ကောင်ပြောဖူးတယ် သူပုန်းတဲ့အကြောင်းပြချက်က Gay တွေရဲ့ဂုဏ် မုဒိန်းကျင့်ခံရသလိုပဲ

Gay တစ်ကောင် မုဒိန်းကျင့်ခံရသလို နာကောင်းကြီးလို့ အော်ပြောမိတယ် လို့ သူမပြောဘူး ။ Gay ဆန်ဆန်ကျွန်တော်ပဲပြောတာ

တကယ်တော့ ငါတို့ဟာ သက်တံတွေကို ပိုင်ဆိုင်တယ်လို့ ယုံမှားခဲ့ကြတဲ့ ဆပ်ပြာပူဖောင်းတွေပဲ လူ့အဖွဲ့အစည်းကို အရည်ခွံခပ်ပါးပါးနဲ့ ထိတွေ့ကာကွယ် ဆက်ဆံ (ဆက်ခံ) ခဲ့ကြယုံ။