by

Murakamist 3

ဘဝဆိုပါစို့  (အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံး ကြေသွားလား)
မကြေသွားပါဘူး၊ ကျွန်တော် သေသွားတာပါ။
အတက်နိုင်ဆုံး အဆုံးထိလိုက်ဆိုပါ
လေထဲက ဖယောင်းတိုင်ငယ် သီချင်းအား။

ပြန်စမယ် . . .
လေတွေတိုက်တယ်
ဖမ်းဆုပ်ကိုင်စရာ နွေးထွေးတဲ လက်တစ်စုံရှိတယ်။
ကတိက
လက်တစ်စုံပိုင်ရှင်ရဲ့ ဝိဉာဉ်ဟာ
ကိုယ်နေထိုင်ရာ ငရဲမှာ ပျော်ကြမယ်။

လေထီးမပါဘူး
ငါ. .
ခုန်ချခဲ့တယ်. . .

မလာပါနဲ့ . . . (သီချင်းစာသားပါ -မျိုးကြီး ဆိုပါတယ်)
အားလဲနာပါတယ် ကဗျာထဲ သီချင်းဟောင်းတွေ လိုက်ဆိုပေးနေရတာ . . .
အားလဲမနာပါဘူး . . . ဘဝထဲ နာကြင်မှုနဲ့ ဖင်ကြီးခံပေးနေရတာ . . . (မှတ်ချက် – မိုက်ရိုင်းတယ်ထင်ရင် သေလိုက်ပါ)

လေတွေတိုက်တယ်
မျက်လုံးတွေမှိတ်ထားလိုက်တယ် . . .
ငါ . . . အချိန် ခရီးသွားမယ်

လေတွေတိုက်တုန်းက အဖိုး ရှိတယ်
လေတွေတိုက်တုန်းက အဖိုး ဟာ ငါ့အဖေဖြစ်တယ်
လေတွေတိုက်နေတုန်းက ပိုးပိုးရှိတယ်
လေတွေတိုက်နေတုန်းက ပိုးပိုး ဟာ ငါ့ ကမ္ဘာ ငါ့မိသားစုဖြစ်ခဲ့တယ် . . .
အခု . . .  ဝေးကွာမှုဟာ ငါ့စိတ်ထဲက သီချင်းတစ်ပုဒ်သာ ဖြစ်တယ်။

“လေနှင်ရာလွင့်ခဲ့ တိမ်တိုက် တစ်ခုပါပဲကွယ်”  _ အယ်ဖြူ
(လိုက်မဆိုပါနဲ့)
ငါ ငိုတယ်
တိမ်တွေ ငိုတယ်
မိုးတွေရွာတယ်
ပိုးပိုးနဲ့ ဝေးခဲ့တယ်
ဝမ်းနည်းစရာတိုင်ဟာ တသက်စာ
မိုးရာသီမှာဝေးတယ်
စက်တင်ဘာမှာဝေးတယ်
ငါဆိုတဲ့ သတ္တဝါ စက်တင်ဘာမှာမွေးတယ်။
. . . (မငိုပါနဲ့ စက်တင်ဘာဟာ ဝမ်းနည်းစရာ သီချင်းတစ်ပုဒ် သက်သက်သာ)

နာကြင်မှုဟာ အောက်စီဂျင်ဖြစ်တယ်
ကျွန်တော်က မီးလောင်လွယ်တယ်
ဘဝဟာ ထာဝရ ပြာကျရမဲ့
“ကြိမ်စာ”တစ်ခုပေါ့ကွယ်။

အောင်မြင့်မြတ် (၆၊၉၊၂၀၁၇)