Poems

by

ဘဝဆိုပါစို့  (အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံး ကြေသွားလား) မကြေသွားပါဘူး၊ ကျွန်တော် သေသွားတာပါ။ အတက်နိုင်ဆုံး အဆုံးထိလိုက်ဆိုပါ လေထဲက ဖယောင်းတိုင်ငယ် သီချင်းအား။ ပြန်စမယ် . . . လေတွေတိုက်တယ် ဖမ်းဆုပ်ကိုင်စရာ နွေးထွေးတဲ လက်တစ်စုံရှိတယ်။ ကတိက လက်တစ်စုံပိုင်ရှင်ရဲ့ ဝိဉာဉ်ဟာ ကိုယ်နေထိုင်ရာ ငရဲမှာ ပျော်ကြမယ်။ လေထီးမပါဘူး ငါ. . ခုန်ချခဲ့တယ်. . . မလာပါနဲ့ . . . (သီချင်းစာသားပါ -မျိုးကြီး ဆိုပါတယ်) အားလဲနာပါတယ် ကဗျာထဲ သီချင်းဟောင်းတွေ လိုက်ဆိုပေးနေရတာ . . . အားလဲမနာပါဘူး . . . ဘဝထဲ နာကြင်မှုနဲ့ ဖင်ကြီးခံပေးနေရတာ . .

by

ကာလ ကြာရှည်စွာခရီးနှင်အပြီးမှာတော့ စဦးမှတ်ကနေ ဘယ်မှ မရောက်ခဲ့မှန်းသိလာရတယ်၊ ဘဝဟာ လမ်းမဘေးက လူမစီးတဲ့ ခြားရဟတ်တစ်ခုပါပဲ။ (အသုံးပြုပြီးလျှင် စနစ်တကြ သိမ်းဆည်းပါ) အသုံးပြုနေစဉ်အတွင်း Red Door ထဲတွင် မိမိကိုယ်မိမိ လုံခြုံစွာ ထုပ်ပိုးသိမ်းဆည်းပါ ၊ မိမိကိုမိမိရွံရှာမိခြင်းအား စိတ်ဝေဒနာဟုခေါ်ပါ ထို့နောက်ဆေးသောက်ပါ တစ်ဘဝလုံးလောက်ဖြစ်ဖြစ် အိပ်နေပါ၊ ရုတ်တရက်ဆို သလို ဘဝဟာ သင်မငြင်းနိုင်မဲ့ ခေတ်ဟောင်းအလွမ်းသီချင်းတွေ ပွင့်လာတက်သော သီချင်းဖွင့်စက်ဖြစ်ကြောင်းသိရှိရပါမည်။ “အမျှော်ကြာလဲမရောက်တဲ့ စိတ်ညစ်စရာကင်းကွာစေမဲ့မနက်ဖြန် _ စိုင်းခမ်းလိတ်” အားရပါးရလိုက်ဆိုပါ၊ အခြားတဖက်ကို အမဲလိုက်အက ဖြင့်သာ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ထို့နောက် ဘဝသည် ထို သီချင်းဖွင့်စက်မဟုတ်ပဲ သင်သည် သီချင်းခွေဖြစ်ကြောင်း ဝမ်းနည်းစွာသိရှိရပါမည်။ ထိုသီချင်းသံများအား အဖက်ဖက်က ရွံရှာလာသည့်အခါ ကြမ္မာဘက်က ရွေးခြယ်အဖွင့်မခံရဖို့ ဆုတောင်းမိလာတာပေါ့၊

by

နင်ရယ် ငါရယ် နောက်ပြီးတော့ ခဏလေးပဲ အသက်ရှင်ခဲ့တဲ့ “တသက်လုံး” ဆိုတဲ့ စကားလုံး . . .။ အဲ့ဒိတသက်လုံး စကားရဲ့ အပြင်ကို အူကြောင်ကြောင် ငါတစ်ယောက်ထဲပဲ ရုန်းထွက်လာနိုင်ခဲ့တယ် “ခင်” ။ ဘဝ လို့ခေါ်ရမဲ့ အရာအကုန်လုံးဟာ အိပ်မက်ဖြစ်ပီးသာ ခင်နဲ့ တူတူပြောဖူးတဲ့ တသက်လုံးထဲမှာ နေထိုင်တယ်။ ငါဟာ အသေခံ ဗုံးခွဲ ချင်းဖြစ်သာ ခင့် စီရောက်နိုင်တယ် ။ အစိတ်အပိုင်းတစ်ခုစီကို ခင် ပြန်ချုပ်ပေးပီးအကောင်းအတိုင်းပြန်ဖန်တီးမယ်လို့                                        ဆုံဖြတ်ခဲ့ပြီးငါတို့ဟာ မှန်ကွဲစတွေအဖြစ် နဲ့သာ ဖြေဆည်ရာမဲ့ အဆုံးသတ်ခဲ့ရတယ်။ အကောင်းအတိုင်း ပြန်ဖြစ်နိုင်ခြင်း နဲ့ တွယ်ဖက်မိခြင်းတွေဟာ ခင်နဲ့အတူ အိပ်မက်ထဲကပြန်မလာခဲ့ဘူး၊ အသက်ရှင်နေ(ယုံ) မှုလေးတစ်ခုပဲပါလာခဲ့တယ်၊ ခင့်ကို မုန်းသူတွေ ခင်က မုန်းသူတွေ အတွက်

by

ခင်ကို စတင်တွေ့ရှိမှုဟာ ဘဝ ဆိုတာဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ခင်ဟာ ငါ့အတွက် အာဏာရှင်၊ ခင်ဟာငါ့အတွက် စစ်အစိုးရ၊ ခင်ဟာငါ့အတွက် အာဏာသိမ်းတပ်မတော်ပဲ၊ ခင်ဟာငါ့အတွက်ဥပဒေ၊ တရားမျှတမှုပဲ။ ခင့်ကို “မပိုင်ဆိုင်ရဘူးဆိုတာမျိုး” အဲ့ဒိအိပ်မက်ဆိုးတွေ တောင် ခင်ပါရင်လှနေတော့မှာ ခင်ဟာ လူ့ပြည် အဝင်တံခါးစောင့်နတ်သမီးလေးအဖြစ်နဲ့ပဲ ကျွန်တော့်ရောက်နိုင်စွမ်းတွေနဲ့ဝေးခဲ့တယ်၊ ကိုယ်သင်းရနံ့ဆိုတာထပ် လေထုဟာ ခင်ကိုယ်တိုင်ပဲ ဘာငှက်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒိတောင်ပံတွေသာ ပိုင်ဆိုင်ရရင် ခင့်အတွက်ပဲ ပျံသန်းဖို့ ဖြစ်မယ်ဆိုနိုင်မယ်ဆိုတာ သံသယ မရှိခဲ့ဘူး အခုတော့ မျှော်လင့်ချက်တွေက ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ရတဲ့ အဲ့ဒိ တောင်ပံတွေလိုပဲ အိပ်မက်တွေဟာ ဖြစ်နိုင်တဲ့ပုံစံနဲ့ တော့ သူတို့ ဟာ ခင့် စီကို ဦးတည်ပျံသန်းနေကျတယ် မိုးတွေရွာနေတဲ့ သူများတွေ ကမ္ဘာကို နေပူထဲက ထိုင်ကြည့်ရသလိုပဲ ခင်နဲ့ပက်သက်ခွင့်ရှိသူတွေက

by

အမျိုးသမီး အိမ်သာထဲ ရောက်သွားမိတယ် ငါ့နှာခေါင်းက ရင်းနှီးတဲ့ အနံ့ ဒါကို ငါ့လျှာက အရသာသိတယ် ၊ တို့လဲ မဖူးငုံနဲ့မတွေ့ခင်က ယောက်ျား စစ်စစ် တစ်ယောက်ပါပဲ၊ ယောက်ျားဆန်ဆန်ဂေးတစ်ကောင်မှဖွင့်ဟဝန်ခံသွား၊ Voice command သံကို ယောက်ျားတစ်ယောက်ရဲ့ခပ်စူးစူး အသံကြားရအောင်ပြောင်းထားဖြစ်တယ် သူငယ်ချင်းကမေးတော့ စိတ်နာနေတာလို့ပြောဖြစ်တယ် ….. So gay ဟုတ်ပီ Gay တွေဟာ မိန်းမတွေမဟုတ်ဘူး ဒါကြောင့် ငါဂုဏ်ယူနေသေးတယ် ကျမတို့ဟာ အစစ်ထက် စစ်တဲ့ အစစ်မတွေ ဘဝတစ် ခုလုံး ငံပြာရည်စော်နံသွားတဲ့ကိစ္စက ဗိုလ်ချုပ်မှာ သလို ဘာဂျာမှုတ်ခဲ့တာပါဆိုပီး မဖူးငုံကို မပြောနိုင်ခဲ့ဘူး၊ ရင်းနှီးခဲ့တာ ငံပြာရည်နံ့မဟုတ်ခဲ့တာ အားလုံးကိုလိမ်ပြီး မှားပလိုက် ဒါဟာ Gay တစ်ကောင်ရဲ့ မဟာအခွင့်အရေးကြီးပဲကိုး၊ ချစ်ခြင်းမေတ္တာဟာ Gay တစ်ကောင်စီမှာ

by

ဒါကိုဖော်ထုတ်ရကောင်းရနိုင်ကြောင်းသိရှိချိန်မှစလို့ ရင်ဆိုင်ခဲ့တဲ့ အန္တရာယ်တွေ မကောင်းဆိုးဝါးတွေက မကောင်းဆိုးရွားစွာ အသက်ရှင်နေထိုင်ကျတယ်ပေါ့ အရာပေးထားပီးသား အရေးပါမှုတွေ အိုဘားမား၊ သန်းရွှေ၊ လူသတ်ဇာတ်ကောင်တွေ၊ မူးယစ်ဆေးသမားတွေ၊ မုဒိန်းသမားတွေ၊ အစီစဉ်တစ်ကျအရာပေးခံထားရတဲ့ အရေးပါမှု၊ ဆိုးရွားစွာသတ်မှတ်ခံခဲ့ရတဲ့ ဆိုးရွားမှု မာရီလင်နဲ့ မွန်ရိုးက ဘာတော်တာလဲမေမေဆိုတဲ့ ငယ်ငယ့်အသံ အလိုမတူပဲ သူအဆက်ဆံခံခဲ့ရပါတယ်မပြောခင်အထိ ပြုံးပီးခံစားလို့ရနေတုန်း၊ (အ) ခုတင် (အ) ပေါ်က အကွက်လိုက်ပေနေတာ တွေ ငိုသံတွေ… အာာာာာာားးးးးးး . . . . လို့အော်နေတဲ့အသံတွေ တဆိတ်လောက်ပါ မောင်ရင် …… ဒါဟာ Porn ဗီဒီယိုတစ်ကားမဟုတ်ခဲ့ဘူး Reiko Kobayakawa ရဲ့အရေးပါမှုတွေကို ဆင်ဆာဖြတ်ခဲ့တဲ့ သူတို့ကို အရမ်းမုန်းတယ် ဆိုတာမျိုးလောက်ကတော့ ခပ်ပြောင်ပြောင်ပြောရဲပါတယ်ဆိုရင်လဲ “ပေါရဲတယ်” လို့ထောက်ပေးသလိုမျိုး မရယ်ရတာတွေ ပျက်လုံးလို့

by

ကျွန်တော်နဲ့ မိုးရေစက်များအကြောင်း။

အလွမ်းတွေက မိုးရေစက်တွေနဲ့တွေ့အခါ ဆို့တက်လာတယ်ပေါ့။အချစ်ဆိုတာ လက်ကောက်ဝတ်ကိုဖြတ်ပြစ်တဲ့ တစ်ခါသုံးဘလိပ်ဓါးလေးတွေလား။ငါနာကျင်နေတယ် နောက်ပြီး အားလုံးပြာတွေကြနေတာပါပဲ။အဲ့ဒါမင်းနားမလည်ခဲ့တာကြီးပေါ့ မင်းမသိတာ အဲ့ဒိပြာမှုန့်လေးတွေကအေးခဲနေတယ်ဆိုပါတော့ ။  မင်းရော ငါ့ကိုသတိရတဲ့အခါ Mocha တွေမှာသောက်ဖြစ်သေးလား၊ခေါင်းသွားလျှော်ဖြစ်သေးလား။ အဲ့ဒိအချိန်တုန်းက ငါခေါ်ခဲ့တဲ့ နာမ်စား ၊ လေးမှတ်မိနေသေးလား ။မိုးရေထဲမှာလျှောက်သွားဖြစ်သေးလား။ ငါမင်းနာမည်ကို အကြယ်ကြီး ချရေးပစ်လိုက်ခြင်တယ် ။ဒါဟာ ကံတစ်ပါးကို ကျူးလွန်ရာရောက်ခဲ့မယ်ဆိုရင်တောင် ငါ့မှာဖြေစရာ တရားတွေမရှိခဲ့ဘူးဆိုပါတော့။နာကျင်မှုတွေက ထုံလာတဲ့အခါ ငါ မိုးရေတွေကြားက မင်းနှုတ်ခမ်းတစ်စုံက အလွမ်းတွေဖြစ်လာတယ်။မျက်လုံးတွေမှိတ်ထားလိုက်တယ် အဲ့ဒိအခါ ငါ့ပတ်ဝန်းကျင်အကုန်လုံးက မင်းဖြစ်သွားတယ် ။အဲ့ဒိတုန်းက မင်းသတိထားပြီး ဘယ်ဘက်မှာ နေခဲ့တာကို မှတ်မှတ်ရရသတိရတယ် ၊ငါက သရဲဘောကြောင်ခဲ့ပါတယ်။ ငါတို့ တွေက သိပ်အရေးမကြီးဘူးဆိုတဲ့ အချစ်အပေါ်မှာ ဘဝ တစ်ခုဆောက်မိကြတာ ။အခုတော့ ဟိုးတုန်းက ဂစ်တာလေး က အရင်ကထက်အသံကောင်းလာတယ် ၊

by

မိုးလင်းပြီဆိုကတည်းက၀ိဇ္ဇာနဲ့နိုးထခဲ့သလား၊အ၀ိဇ္ဇာနဲ့နိုးထခဲ့သလား၊ဘယ်သူမှမဆန်းစစ်ဖြစ်သေချာတာကမျက်နှာသစ်ခဲ့ရတယ်…။ ကျုပ်တို့ရဲ့ လျှာတွေကအရိုးရှည်ရှည် အရွက်ကြီးကြီးတွေပါ၊ရာသီဥတုသာယာတဲ့နေ့ကလေးပါကွယ်ရိုးသားမြင့်မြတ်ခြင်းတွေကလေချွန်ရင်းဒူးနန့်နေခဲ့ပေါ့.။ လက်တဖျစ်စာတောင်မရှိတဲ့သဘောထားကြီးမှုပါ။ဒီမှာကောင်းကင်နဲ့ မျက်နှာချင်းဆိုင်ခဲ့ရတယ်။ ဟော့ဒီ- – -မတုန်မလှုပ် နေ့ခါးခါးတွေထဲကငါ့စိတ်တစ်ပြင်လုံး သွက်သွက်ခါသွားအောင်အဲဒီ ဗဟိုမဲ့ အသံလှိုင်းတွေထဲမှာဘယ်လိုဆွဲအားတွေပါလိမ့်၊ကောင်းကင်လင်းအောင် မှုန်ဖွဲ့နေခဲ့ပါတယ်။ နေ၀င်ချိန်ဓားသွားပေါ်က အားထုတ်မှုကြယ်သီချင်းများရဲ့ ကိုယ်စားငါဟာ ခရီးသည်ဖြစ်ခဲ့တယ်.။အချစ်ဆိုသည်မှာ ခံစားမှုမျာ။အားလုံးပြီးဆုံးသွာသောအသိကိုဘာသာပြန်ထားခြင်းသာဖြစ်ပါသည်..။

by

ကျွန်တော်စဉ်းစားမိတာက မျှော်လင့်ချက်တွေဟာဘ၀တွေကို သေဆုံးသွားစေနိုင်သလားဆိုတာပဲ အလင်းဆိုသည်မှာဖွင့်ဆိုခြင်းအားလုံ၏ တောက်ပမှုတစ်မျိုးဖြစ်သည်။ကျွန်တော်၏ ကိုယ်ပိုင်ဖွင့်ဆိုချက်တစ်ရပ်တွင်တော့သူမသည် အလင်းဖြစ်လေသည်..။ တစ်လျှောက်လုံး ရူးခဲ့တဲ့ောင်တစ်ချက်တည်းနဲ့ ထပ်မံရှုံးနိမ့်၊ရိုးသားမှုအခန်းထဲမှာအဖော်မဲ့စွာမူးလဲ၊ဝေဒနာအတိုအစတွေကလည်းရင်ခွင်အနှံ့မှာ ၀ုန်းဒိုင်းကြဲလို့၊အချစ်ရေ-သီချင်းသေတစ်ပုဒ်အတွက်ကိုယ်ယဉ်ကျေးခဲ့ပါတယ်။ ။ ဒီရေအတွေးကတွေး ထောင့်ထဲက ရုန်းထွက်လာအမြင်ကမြင်ကွင်းထဲမှာ ပြန်ပုန်းကွယ် ငါ့မျက်လုံးကိုဖွဖွမှိတ်ပြီးမင်းနံမည်ကိုတီးတိုးရွတ်ဆိုကြည့်မိတဲ့အခါနှင်းမုန်တိုင်းလေးတွေသည်းတဲ့အထဲပန်းလေးတစ်ပွင့် ရှင်သန်နေသလိုမျိုးနဲ့မျှော်လင့်ချက်ဟာလူးလွန့်လို့….။ ပထမဆုံး လူမဖြစ်နိုင်တဲအခါဒုတိယဆိုတာတတိယလူနဲ့ အတူတူပါပဲကွယ်။ လွမ်းတယ်ဒါ—တကယ်ပဲလား။ကောင်းကင်က အလျားဆန့်အလွမ်းတွေ တောင်ပန်ဖြန့်ရင်းငါဝဋ်တစ်ခုကိ တစ်ကနေ စရေခဲ့ပြီတစ်နေ့ တစ်နေ့ဒီလမ်းတွေကိုပဲကောင်စကင်နဲ့အပြိုင်ငေးကြည့်ချစ်သူ့ခြေရာလေးး ရှိမလားလို့လေ….။ရယ်သံဖွဖွလေးက ခပ်တိုးတိုးဝင်လာစဉ်အိပ်မက်လွင်ပြင်ထဲက ငှက်ကလေးပြုတ်ကျညတစ်ညလုံအလွမ်းတွေနဲ့ ဖုံးသွားပေါ့။မိုးမလင်းခင်ကတည်းကိုကမဆိုက်ရောက်သေးတဲ့ ရထားတစ်စီးကိုဘူတာအိုကလေးက လွမ်းတပုံမျိုးနဲ့ငါ့ခေငါမိုးအုတ်ကြွတ်နီနီအလွမ်းတွေ. . .။ကလေးဖေးဆိုင်နောက်မှီလေးပေါ်မှာဖျတ်ခနဲ တင်ကျန်ရစ်တဲ့မနေ့က အသံလေးကိုတယုတယ ကောက်ယူသိမ်းဆည်းမိတော့. . .။မိုင်ခြောက်ဆယ်မဝေးတဲ့ နယ်နမိတ်စီကငါ့ရဲ့သထ္ထုစလေးရေ- – –အကြည့်တစ်ချက်နဲ့တင်တစ်ဘ၀လုံးစာ လုံလောက်သွားတဲ့ စွဲလမ်းမှုမျိုးနဲ့ငါက ရူးသွပ်ခဲ့တာပါ။(ဆရာဝေမှုးသွင်အဆင့်မြင့်ချည်တိုင်ဝထ္ထုမှ)

by

ဒီBlog လေးကိုစရေးဖြစ်တဲ့အကြောင်းအရင်းကတော့ကျွန်တော့်အမေနဲ့ကျွန်တော်စကားများရာကစတင်ခဲ့တာပေါ့..။ ။ကျွန်တော့်ကိုပတ်ဝန်းကျင်ကလူတွေကထင်မြင်ချက်ပေးကြတယ်..။ ။လူမိုက်၊လူဆိုးအစအစရှိတဲ့မကောင်းတဲ့ထင်မြင်ချက်တွေပေးကြတယ်…။ ။ထိုထင်မြင်ချက်ပေးသူတွေကိုရော ကျွန်တော်နဲ့စကားများနေတဲ့လူတွေကိုရော..။ကျွန်တော့်ဘက်အမြင်ကိုပြန်တင်ပြတာပေါ့…။ကျွန်တော်မှာ ကျွန်တော့်ခံစားချက်ဆိုတာရှိတယ်ဗျာ…၊ ။လူဆိုတာကလဲ ကို့ခံစားချက်ကိုခေါင်းပေါ်ရွက်ပြီး…သူများခံစားချက်ကိုနားလည်ချင်ယောင်ဆောင်နေတက်ကြတယ်….။ကျွန်တော်လဲ တခါတလေကို့ခံစားချက်ကိုရှေ့တန်းကြည့်မိပါတယ်…။လောကပေါ်မှာ စတင်အသက်ရှူခဲ့တဲ့ရာက်တဲ့နေ့ကစပြီးကံဆိုတဲ့အရာဟာ ကျွန်တော့်ကိုအနိုင်ယူခဲ့တာအခုဆို၁၇နှစ်ပြည့်တော့မှာပေါ့…။လူတွေကကျွန်တော်ခံစားချက်ကိုလစ်လှူရှုခဲ့တာသည်းခံနိုင်စွမ်းကျွန်တော့်မှာပါရှိတယ်.။ ။ဒါမဲ့ကံကြမ္မာကပါလစ်လှူရှုခဲ့တာတော့ကျွန်တော်မကြေနပ်ဘူးဗျာ….။ကျွန်တော့်နေရာမှာဝင်ကြည့်ပေါ့ကျွန်တော့်ကို၁၇နှစ်လုံးလုံးကြွေးမွေးနေရလို့ဝွဋ်ခံနေရတယ်လို့မကြာမကြာပြောတဲ့အမေ..။ ။သူ့မိသားစုနဲ့သူကျွန်တော့်ကိုသတိမရတဲ့အဖေ..။လောကမှာကျွန်တော်ခံရအခက်ဆုံးအရာတွေကတော့ကျွန်တော်ချစ်တဲ့သူတွေဟာကျွန်တော့်ကိုရက်စက်ခဲ့တာကျွန်တော့်အတွက်..၁၇နှစ်ပြည့်တော့ပါမယ်..။ဒါကြောင့်ကျွန်တော်လူတွေကိုမချစ်မိအောင်နေတာအပြစ်လားဗျာ…။လူတစ်ယောက်ကိုချစ်ဖို့ကြိုးစားရတာပင်ပန်းလိုက်တာဗျာ..အင်းလေမုန်းဖို့ကြိုးစားတာလဲပင်ပန်းတာပဲ..အချစ်ဆိုတာလည်းအတ္တတစ်မျိုးပဲလေ၊အတ္တဆိုတာမုန်းဖို့လည်းမလိုသလို တက်မက်ဖို့လည်းမလိုပါဘူး၊အသုံးချဖို့မလိုအပ်လာတဲ့အချိန်မှာအဲဒိအတ္တကိုအသုံးချလိုက်၊ပြီးရင်သူ့နေရာသူပြန်ထားလိုက်ရုံပဲပေါ့။အဲဒိလိုမဟုတ်ဘဲ..အချစ်ဆိုတဲ့အတ္တကြီးကိုသွာလေရာရာလည်ပင်းမှာဆွဲပြီးယူသွားရင်အရူးနဲ့တူနေမှာပေါ့.။ကျွန်တော့်မှာကျွန်တော်လိုချင်တဲ့အိပ်မက်တွေရှိတယ်….။ကျွန်တော့်အတွကတော့တခါတရံမှာအိပ်မက်တွေဟာအလိုလိုနေရင်တန်ဖိုးကြီးနေတက်ပါတယ်။ ။ကျွန်တော်အသက်ရှူနေတဲ့အဒိကအကြောင်းအရင်ကတော့ကျွန်တော့်ရင်ထဲကနာကြည်းမှုတွေအတွက်ပြန်ပေးဆပ်စေဖို့ပါပဲ…Nasa ကလကမ္ဘာပေါ်သွားပြီး…လူတွေအတွက် လေ့လာမှုတွေပြုလုပ်စေတဲ့အကာသယာဉ်မှုးတစ်ယောက်ဆိုပါတော့…။သူဆိုဘာမှမသေချာတဲ့လမ်းအတွက် သူ့အသက်သူရင်းနှီးပြီးလူသားတွေအတွက်လေ့လာနေခဲ့တယ်ကျွန်တော်နဲ့ထိုအာကာသယာဉ်မှုးက + နဲ့ – ကွာသလိုကွာချားပါတယ်…။ကျွန်တော်ကတော့လူတွေကိုကျွန်တော့်အတွက်အာကာသပေါ်ကိုလွှတ်ချင်နေတဲ့လူမျိုးပါ…။ကဲဒါဆိုကျွန်တော့်ကိုဘယ်သူတွေကဒီစိတ်ဓါတ်ကိုပေးအပ်ခဲ့တာလဲ…….။ကျွန်တော့်ကိုကံကြမ္မာဆိုတဲ့အရာကပေးအပ်ခဲ့တာပေါ့……………..xxxxxxxx…………………………………